ငါ့..အစာအတွက်
အတ္တထမ်းပြီး
လမ်းလျှောက်ထွက်တယ်။
ကွန်ချက်အောက်မှာ
ထပွက်လာတဲ့အဆင်မပြေခြင်းများ..
နှလုံးသားနင်းခြေသံများ..
သောကဒိုင်ဗင်ထိုးသံများ..
ခံစားမှုလေဟုန်စီးသံများ..
အကြင်နာလှိုင်းခတ်သံများ..။
တောက်ခေါက်သံကြားတော့
ကားလိပ်ချတယ်။
ကလေးရေ..
ငါ့အစာလောကကြီးကနေ
လောကကြီးအစာငါဖြစ်ဖို့
သင်္ခါရတရားကို
ငုံထားလိုက်တယ်။
Sep
9
Posted by
Mg Khant Myay (Htila)
0 comments:
Post a Comment