ငါဟာ..
ဘိုဟီးမီးယန်းတစ်ယောက်ပါ။
လျှောက်ချင်တဲ့လမ်းလျှောက်
ရောက်ချင်တဲ့လမ်းရောက်
နောက်မှာမင်းမပါစေရဘူး။
ငါလေ...
နှင်းဆီမျှားတစ်စင်းနဲ့
လမင်းကိုပစ်ခွင်းမယ်ကြံတိုင်း
ထုံထိုင်းထိုင်းဖြစ်ခဲ့တဲ့...လက်များနဲ့
ရင်ခွင်ဟာအပြာရောင်လဲ့
ကဗျာဖွဲ့ခဲ့ပေါ့။
ကြောက်ခဲ့ဘူးပါတယ်။
ခံစားမှုတွေကိုအရောင်ဆိုး
ပျားရည်မြစ်တစ်ဆင်းထဲဒိုင်ဗင်ထိုးခိုင်းတဲ့
ဆယ့်နှစ်ကြိုးသဘင်သည်များ
မင်းအနားမှာကနေမှာကိုလေ..။
မင်းက " လ " တစ်စင်းပါ..
ကောင်းကင်မှာ " တင့် "နေပါ..
ကောင်းကင်မှာ " ၀င့် " နေပါ။
ငါကတော့..
နှင်းဆီမျှားတစ်စင်းနဲ့
ငါ့ရင်ငါ့ပြန်ခြစ်
နစ်နေအောင်ခံစား
ကဗျာတစ်ပုဒ်ကြားမှာအဖျားတက်
ဒီတစ်သက်ပေါ့။
Sep
9
Posted by
Mg Khant Myay (Htila)
0 comments:
Post a Comment