ကမ္ဘာကြီးရေ…
no news is good new
no news is good new
(ဘာသတင်းမှမကြားရတာသတင်းကောင်း)တဲ့။
အထက်ပါအဆိုကိုမျိုချချင်ပါသလား..
ရေသန့်ဘူးလေးတစ်ဘူးလောက်တော့ဆောင်ထားပေါ့ ။
ကမ္ဘာကြီးရေ…
ဒုံးပစ်သံ..
တောင်ဖြိုသံ..
ဆဲဆိုကြိမ်းမောင်းသံ..
မကြားချင်ဘူးဆို..
ကိုယ်ပိုင်နားကြပ်လေးတစ်စုံတော့ဝယ်ထားပေါ့ ။
ကမ္ဘာကြီးရေ…
အမှားအမှန်ဝေခွဲရခက်တဲ့
ဖြတ် ညှပ် ကပ် သတင်း..။
ကာရံမပါ
သံစဉ်ဗလာနဲ့ဘီကီနီဝတ်
ချစ် ကွဲ ငြား ၊ ချစ် ငြား ကွဲဇာတ်လမ်း
ကြည့်ချင်ပါသလား..
အဖြူရောင်မျက်မှန်တစ်လက်တော့တပ်ထားပေါ့ ။
ကမ္ဘာကြီးရေ…
ဆော့ခရတ္တိမရှိတော့ဘူး ။
စစ်ပွဲတွေရှိနေသေးတယ် ။
မာသာထရီဆာ သေဆုံးသွားပြီ ။
ငတ်မွတ်ခေါင်းပါးမှုတွေရှင်သန်နေတယ် ။
ဒိုင်ယာနာကွယ်လွန်သွားပြီ ။
ရောဂါတွေမကွယ်လွန်သေးဘူး ။
ကမ္ဘာကြီးရေ…
ကပ်သုံးပါးအကြောင်းတွေးချင်ပါသလား..
နှလုံးအားတိုးဆေးတစ်ခွက်တော့သောက်ထားပေါ့ ။
ကမ္ဘာကြီးရေ…
မထိ မသိတဲ့
အ၀ိဇ္ဇာအမှောင်တွေ
ပိန်းပိတ်မှောင်နေတဲ့အခန်းမှာ
အလင်းရောင်ဖျော့တော့တော့ရချင်ပါသလား..
ဒိုင်အိုဂျနီး(စ်)လို
မီးအိမ်လေးတစ်လုံးတော့ကိုင်ထားပေါ့ ။
ကမ္ဘာကြီးရေ…
ထပ်တူမကျတဲ့
စိတ် စိတ်ချင်း ဘ၀ ဘ၀ချင်း
ချိတ်ဆက် ဆက်သွယ်မှုဧရိယာထဲမှာ
ရင်ထွင်းအက္ခရာထိုးချင်ပါသလား..
( ထိုးချင်လည်းထိုး ၊ မထိုးချင်လည်းထိုး
ဆေးခါးကြီးသောက်သလိုမျိုးပေါ့ )
မမေ့မလျော့ မပေါ့မဆ
ပြင်းပြထက်သန် မှန်ကန်သောသတိတရားနဲ့
ထိုးခဲ့လိုက်ပါမယ်..။
ငါ..ချစ်တဲ့
ကမ္ဘာကြီးရေ..
“ အပ္ပမာဒေန သမ္ပာဒေထ ” ။။
မောင်ခန့်မြေ ( ထီလာ )
အထက်ပါအဆိုကိုမျိုချချင်ပါသလား..
ရေသန့်ဘူးလေးတစ်ဘူးလောက်တော့ဆောင်ထားပေါ့ ။
ကမ္ဘာကြီးရေ…
ဒုံးပစ်သံ..
တောင်ဖြိုသံ..
ဆဲဆိုကြိမ်းမောင်းသံ..
မကြားချင်ဘူးဆို..
ကိုယ်ပိုင်နားကြပ်လေးတစ်စုံတော့ဝယ်ထားပေါ့ ။
ကမ္ဘာကြီးရေ…
အမှားအမှန်ဝေခွဲရခက်တဲ့
ဖြတ် ညှပ် ကပ် သတင်း..။
ကာရံမပါ
သံစဉ်ဗလာနဲ့ဘီကီနီဝတ်
ချစ် ကွဲ ငြား ၊ ချစ် ငြား ကွဲဇာတ်လမ်း
ကြည့်ချင်ပါသလား..
အဖြူရောင်မျက်မှန်တစ်လက်တော့တပ်ထားပေါ့ ။
ကမ္ဘာကြီးရေ…
ဆော့ခရတ္တိမရှိတော့ဘူး ။
စစ်ပွဲတွေရှိနေသေးတယ် ။
မာသာထရီဆာ သေဆုံးသွားပြီ ။
ငတ်မွတ်ခေါင်းပါးမှုတွေရှင်သန်နေတယ် ။
ဒိုင်ယာနာကွယ်လွန်သွားပြီ ။
ရောဂါတွေမကွယ်လွန်သေးဘူး ။
ကမ္ဘာကြီးရေ…
ကပ်သုံးပါးအကြောင်းတွေးချင်ပါသလား..
နှလုံးအားတိုးဆေးတစ်ခွက်တော့သောက်ထားပေါ့ ။
ကမ္ဘာကြီးရေ…
မထိ မသိတဲ့
အ၀ိဇ္ဇာအမှောင်တွေ
ပိန်းပိတ်မှောင်နေတဲ့အခန်းမှာ
အလင်းရောင်ဖျော့တော့တော့ရချင်ပါသလား..
ဒိုင်အိုဂျနီး(စ်)လို
မီးအိမ်လေးတစ်လုံးတော့ကိုင်ထားပေါ့ ။
ကမ္ဘာကြီးရေ…
ထပ်တူမကျတဲ့
စိတ် စိတ်ချင်း ဘ၀ ဘ၀ချင်း
ချိတ်ဆက် ဆက်သွယ်မှုဧရိယာထဲမှာ
ရင်ထွင်းအက္ခရာထိုးချင်ပါသလား..
( ထိုးချင်လည်းထိုး ၊ မထိုးချင်လည်းထိုး
ဆေးခါးကြီးသောက်သလိုမျိုးပေါ့ )
မမေ့မလျော့ မပေါ့မဆ
ပြင်းပြထက်သန် မှန်ကန်သောသတိတရားနဲ့
ထိုးခဲ့လိုက်ပါမယ်..။
ငါ..ချစ်တဲ့
ကမ္ဘာကြီးရေ..
“ အပ္ပမာဒေန သမ္ပာဒေထ ” ။။
မောင်ခန့်မြေ ( ထီလာ )
0 comments:
Post a Comment