ထွန်းလင်းတောက်ပ
ငါ့ ..ဘ၀ဟာ
ပျော်ကျသည့်တိုင်
ကြံကြံခိုင်၍
ဖြိုင်ဖြိုင်အလင်း
ဝဠာဝင်းအောင်
ဖြန့်ခင်းပေးမည်
သင်တို့ဆီ ..။
ငါ့ ..ဘ၀ဟာ
ပျော်ကျသည့်တိုင်
ကြံကြံခိုင်၍
ဖြိုင်ဖြိုင်အလင်း
ဝဠာဝင်းအောင်
ဖြန့်ခင်းပေးမည်
သင်တို့ဆီ ..။
အလင်းညှိလျက်
သင်တို့လက်လည်း
မပြတ်သတိ
ဥာဏ်ဝီရိနှင့်
ချိန်ညှိနှိုင်းဆ
ကူးယူရမည်
တောက်ပသစ်စည်
မျိုးဆက်ဆီ..။
သင်တို့လက်လည်း
မပြတ်သတိ
ဥာဏ်ဝီရိနှင့်
ချိန်ညှိနှိုင်းဆ
ကူးယူရမည်
တောက်ပသစ်စည်
မျိုးဆက်ဆီ..။
အလင်းပေးသူ
ငါလိုလူနှင့်
အလင်းယူသူ
သင်လိုလူတို့
စိတ်တူကိုယ်တူ
ကြည်ကြည်ဖြူနှင့်
အယူမခြား
နားလည်သွားလျှင်
မြေကြားအာကာ
အလင်းဖြာလျက်
နောင်လာမျိုးဆက်
ကမ်းလင့်လက်တိုင်
လင်းလက်ရောင်ရှိန်
ဖြာဖြာထိန်လျက်
ဝင်းမည်တည်း။
ငါလိုလူနှင့်
အလင်းယူသူ
သင်လိုလူတို့
စိတ်တူကိုယ်တူ
ကြည်ကြည်ဖြူနှင့်
အယူမခြား
နားလည်သွားလျှင်
မြေကြားအာကာ
အလင်းဖြာလျက်
နောင်လာမျိုးဆက်
ကမ်းလင့်လက်တိုင်
လင်းလက်ရောင်ရှိန်
ဖြာဖြာထိန်လျက်
ဝင်းမည်တည်း။
မောင်ခန့်မြေ
(ထီလာ)
0 comments:
Post a Comment