လွင့်မျောနေတဲ့စိတ်ကို
ကြိုးတပ်ပြီးမျောလွှင့်ကြည့်တယ်။
လေနှင်ရာအတိုင်းလွင့်မျောနေလိုက်တာ
တိမ်ကြိုတိမ်ကြားမကျန်
သူမဟုတ်တဲ့ဟန်နဲ့ပေါ့။
ခန္ဓာကိုယ်ကြီးကလည်း
ချိတ်မမြင်တဲ့ငါးတစ်ကောင်လို
အာသာဆန္ဒအလိုလိုက်လို့
ဟိုဟပ်..ဒီဟပ်။
ဒီစိတ်နဲ့ဒီကိုယ်အလိုအတိုင်း
ဖြတ်သန်းခဲ့တဲ့အချိန်တွေမှာ
မမြဲခြင်းတရားကိုရှာတွေ့ခဲ့ပေမယ့်
အမြဲတမ်းမြဲနေတာကတော့
မင်းဟန်နဲ့မင်းအသံတွေလေ..။
အဘိဓမ္မာမတတ်သူတစ်ဦးအတွက်
ငါ့ကိုယ်နဲ့မင်းစိတ်ကိုခွဲခြမ်းစိတ်ဖြာဖို့
မကျွမ်းကျင်ပေမဲ့
ကျွမ်းကျင်လာတာကတော့
အချစ်၊အဇ္ဈတ္တ၊အနုသယ
ရစ်ပတ်နှောင်တွယ်နည်းများ..။
နုပျိုခြင်းနဲ့ရင့်ရော်ခြင်းကြားက
ဆင်ခြင်မှုတစ်ခုမှာတော့
တွေ့ခဲ့ဘူးပါတယ်။
သံသရာကြီးကရှည်တယ်..
ဘ၀ကတိုတယ်...
ကဗျာကချိုတယ်..ဆိုတဲ့အကြောင်း..။
မင်းလည်းအရောင်မပါတဲ့
ကဗျာတစ်ပုဒ်ကိုသောက်ကြည့်ပါ။
သင်္ခါရ…
သံဝေဂနဲ့
အချစ်တွေကို
အချိုးကျကျရောစပ်လို့ပေါ့။
မောင်ခန့်မြေ (ထီလာ
ဂျပန်များနှင့်နေထိုင်ခြင်း
13 hours ago



Mandalay Time
0 comments:
Post a Comment