အဖြူရောင်လူ့အခွင့်အရေးကိုစောင့်နေတဲ့ဘ၀ကထန်းလျက်လုံးခွေးလျက်သလိုလုံးပါးပါးလာ
လာတော့မယ့်အလုပ်အကိုင်အခွင့်အလမ်းစောင့်ရင်း ခိုးစားမယ်ကြံတော့လည်း
ရပ်ကွက်ထဲက ခွေးတစ်အုပ်ဟောင်မှာကိုတွေးကြောက်မိ
ကမ္ဘာကြီးကပူတယ်..လူတွေကပိုပူတယ်..ဘ၀တွေကပိုပိုပူတယ်
ပူတယ်..ပူတယ်ဆိုပြီး အအေးဓာတ်ရချင်လို့ ကံဆိုးမနားလမ်းကပ်လျှောက်တော့
“ရှင်က..ကြိုးတစ်စ
ကိုင်ပေါ့..ကျွန်မတို့လွန်ဆွဲကြမယ်”တဲ့ ဘယ်လို ရောက်လာမှန်းမသိတ
ဲ့မိုးကျရွှေကိုယ်ဒိုင်က ရေခံဖို့ငွေဖလားနဲ့အဆင်သင့်
လက်တွေဟာမငြိမ်ဘူး..ပါးစပ်တွေဟာမငြိမ်ဘူး..ဗိုက်တွေဟာမငြိမ်ဘူး
မငြိမ်လို့
ညစ်တယ်..လူလည်းညစ်တယ်..စိတ်လည်းညစ်တယ်.. ညစ်တယ်
လယ်မြေတွေစီမံကိန်းဧရိယာထဲပါလို့ တောကဘကြီးသာလှလည်း ညစ်တယ်
ထင်းစိုက်ခင်းတွေဟိုတယ်ဇုန်ထဲပါသွားလို့ တောင်ပေါ်ကဖထီးလည်းညစ်တယ်
ရွှေကျင်ရင်းချောင်းတွေကောလာလို့ တံငါသည်ကိုအုန်းရွှေလည်း ညစ်တယ်
၁၅၀၀တန်ဆင်းကဒ်တွေရှစ်သောင်းပေါက်လို့ဖုန်းအငှားကိုင်တဲ့မအေးမိလည်း ညစ်တယ်
နဂါးမင်းနဲ့အခြွေအရံတွေကသူ့ကျောရိုးကိုစွပ်ပြုတ်လုပ်မယ်ကြံလို့ ဧရာဝတီလည်း
ညစ်တယ်
ချင်းတွင်းလည်း ညစ်တယ် သံလွင်လည်း ညစ်တယ် စစ်တောင်းလည်း ညစ်တယ်
ညစ်တယ်
ညစ်တယ်လို့ရေရွတ်ရင်း ညစ်တာတွေလျှော်ဖို့အိမ်ပြန်ရောက်တော့
ခြံစည်းရိုးပေါက်က၀င်လာတဲ့ ခွေးသူခိုးလား ခွေးဆိုးလား
ခိုးစားတာလားတိုးသွားတာလားမသိ အခုတော့..ဆပ်ပြာလည်းပျောက် ရေလည်းမှောက်ပေါ့ ။
မောင်ခန့်မြေ (ထီလာ)
0 comments:
Post a Comment