ငါ့ထံတိုးဝင်လာတာလား
ငါကတိုးဝင်နေတာလား
ဝေခွဲရခက်တဲ့..ည။
ဒီလိုညပေါ့..။
ဗသျှိုးကလည်း..
အခမဲ့အလွမ်းသင့်ရင်ဘတ်နဲ့
ချီယိုကလည်း..
အခွန်တော်မဲ့ရှိုက်သံသဲ့သဲ့နဲ့
ငါကလည်း..
စပွန်ဆာမဲ့အနက်ရောင်ဝတ်ညနဲ့ ။
ပိုက်ဆံပေးစရာမလို
ငှားရမ်းသုံးစွဲစရာမလို
အားနာစရာမလို
ဘာလိုလိုညာလိုလို
(အချစ်ကလွဲလို့)
ဘာမှမလိုအောင်
ပြည့်စုံနေတဲ့ည ။
အဲ့ဒီညမှာ..
အလွမ်းသင့်ရှိုက်သံသဲ့သဲ့နဲ့
တစ်ညတာလက်ထပ်ခဲ့ပေါ့ ။။
မောင်ခန့်မြေ(ထီလာ)
0 comments:
Post a Comment