ငါရဲ့..ရင်ခုန်သံအမှတ်တံဆိပ်နဲ့ငှက်တစ်ကောင်
ဘယ်အချိန်ပျံသန်းလာမလဲလို့
အိပ်မက်ကောင်းကင်ယံကိုအမြဲမော့ကြည့်မိတယ်။။
နာရီသံများနဲ့ရွေ့လျားနေတဲ့ရာသီတွေက
ငါ့မျက်လုံးကိုဆွဲပိတ်နေပြီး
လုံးချေစွန့်ပစ်ခဲ့တဲ့နေ့စွဲနဲ့မနက်ဖြန်တွေက
အထီးကျန်တံခါးဝကိုတွန်းပို့နေတယ် ။
ရထားသံတွေနှလုံးသားကိုဝင်တိုးသွားတဲ့ည
ထွက်ကျသွားတဲ့အချစ်ကိုလိုက်ရှာရင်း
ကြယ်တစ်ပွင့်ကြွေကျတာတွေ့လိုက်တယ် ။
ဒါပေမယ့်…
မင်းမျက်ရည်တစ်စက်လောက်မတောက်ပခဲ့ဘူး ။
လရောင်ဆမ်းထားတဲ့မင်းမျက်နှာကို
လေညှင်းသွဲ့သွဲ့ကတိတ်တဆိတ်ခိုးနမ်းသွားတဲ့အချိန်
ခံစားချက်တွေပြင်းထန်လို့
ငါ့ရဲ့ညဟာ..ပန်းရိုင်းတွေတောင်မွှေးပျံ့ခဲ့ပြီလေ ။
နံနက်လင်းတော့..
ကန်ရေပြင်ကိုမော့ကြည့်ပြီး
သံပုရာသီးတစ်စိတ်ငါးစာလုပ်ရင်း
ငါးမျှားနေတဲ့..ငါ ။။ ။
မောင်ခန့်မြေ (ထီလာ)
ဘယ်အချိန်ပျံသန်းလာမလဲလို့
အိပ်မက်ကောင်းကင်ယံကိုအမြဲမော့ကြည့်မိတယ်။။
နာရီသံများနဲ့ရွေ့လျားနေတဲ့ရာသီတွေက
ငါ့မျက်လုံးကိုဆွဲပိတ်နေပြီး
လုံးချေစွန့်ပစ်ခဲ့တဲ့နေ့စွဲနဲ့မနက်ဖြန်တွေက
အထီးကျန်တံခါးဝကိုတွန်းပို့နေတယ် ။
ရထားသံတွေနှလုံးသားကိုဝင်တိုးသွားတဲ့ည
ထွက်ကျသွားတဲ့အချစ်ကိုလိုက်ရှာရင်း
ကြယ်တစ်ပွင့်ကြွေကျတာတွေ့လိုက်တယ် ။
ဒါပေမယ့်…
မင်းမျက်ရည်တစ်စက်လောက်မတောက်ပခဲ့ဘူး ။
လရောင်ဆမ်းထားတဲ့မင်းမျက်နှာကို
လေညှင်းသွဲ့သွဲ့ကတိတ်တဆိတ်ခိုးနမ်းသွားတဲ့အချိန်
ခံစားချက်တွေပြင်းထန်လို့
ငါ့ရဲ့ညဟာ..ပန်းရိုင်းတွေတောင်မွှေးပျံ့ခဲ့ပြီလေ ။
နံနက်လင်းတော့..
ကန်ရေပြင်ကိုမော့ကြည့်ပြီး
သံပုရာသီးတစ်စိတ်ငါးစာလုပ်ရင်း
ငါးမျှားနေတဲ့..ငါ ။။ ။
မောင်ခန့်မြေ (ထီလာ)
0 comments:
Post a Comment