လိုအပ်မယ်ထင်လို့
ကိုယ့်အတ္တကိုယ်
သေသေသပ်သပ်
ကျစ်ကျစ်လစ်လစ်
ထုပ်ပိုးထားရ..
သွားလေရာပါမယ့်
သယ်ဆောင်ရာလိုက်မယ့်
ကျောပိုးအိတ်တစ်လုံးလို..
ကိုယ့်အတ္တကိုယ်
သေသေသပ်သပ်
ကျစ်ကျစ်လစ်လစ်
ထုပ်ပိုးထားရ..
သွားလေရာပါမယ့်
သယ်ဆောင်ရာလိုက်မယ့်
ကျောပိုးအိတ်တစ်လုံးလို..
ဒီမှာရှင်
ရှင်..အနည်းငယ်နားလည်ပေးပါ..။
လောင်မယ့်အတူတူ
ကိုယ့်အတ္တကိုယ်ရှို့ပါရစေ
သူများအတွေးနဲ့
မနွေးချင်ပါဘူး..
တစ်ခါတရံတော့လည်း
အေးစက်စက်ပေါ့..ရှင် ။
ညီမျှခြင်းတစ်ခုကို
ညီအောင်ထပ်ညှိခိုင်းတဲ့
ရှင်ရော..
ဘာထူးလို့လဲ. ...
အချစ်
ငွေကြေး
ဘ၀ဆိုတာကို
ဂဃနဏကွဲခဲ့လို့လား..။
ရှင်..စေ့စေ့စပ်စပ်
မော့မကြည့်ဖြစ်တဲ့
ကောင်းကင်ကြီးက
ရှင့်ကိုစေ့စေ့စပ်စပ်
ငုံ့ကြည့်လို့...
ရှင်..စူးစူးစိုက်စိုက်
ငုံ့မကြည့်ဖြစ်တဲ့
မြေပြင်ကြီးက
ရှင့်ကိုစူးစူးစိုက်စိုက်
မော့ကြည့်လို့..။
ရှင်..အနည်းငယ်နားလည်ပေးပါ..။
လောင်မယ့်အတူတူ
ကိုယ့်အတ္တကိုယ်ရှို့ပါရစေ
သူများအတွေးနဲ့
မနွေးချင်ပါဘူး..
တစ်ခါတရံတော့လည်း
အေးစက်စက်ပေါ့..ရှင် ။
ညီမျှခြင်းတစ်ခုကို
ညီအောင်ထပ်ညှိခိုင်းတဲ့
ရှင်ရော..
ဘာထူးလို့လဲ. ...
အချစ်
ငွေကြေး
ဘ၀ဆိုတာကို
ဂဃနဏကွဲခဲ့လို့လား..။
ရှင်..စေ့စေ့စပ်စပ်
မော့မကြည့်ဖြစ်တဲ့
ကောင်းကင်ကြီးက
ရှင့်ကိုစေ့စေ့စပ်စပ်
ငုံ့ကြည့်လို့...
ရှင်..စူးစူးစိုက်စိုက်
ငုံ့မကြည့်ဖြစ်တဲ့
မြေပြင်ကြီးက
ရှင့်ကိုစူးစူးစိုက်စိုက်
မော့ကြည့်လို့..။
ရှင်..သေသေချာချာ
ခိုင်းစေမထားတဲ့
ခြေဖ၀ါးနှစ်ခုက
ရှင့်ခန္ဓာကိုသေသေချာချာ
သယ်ဆောင်လို့..။
ခိုင်းစေမထားတဲ့
ခြေဖ၀ါးနှစ်ခုက
ရှင့်ခန္ဓာကိုသေသေချာချာ
သယ်ဆောင်လို့..။
ရှင်..တိတိကျကျ
ကျောခိုင်းထားတဲ့
သေခြင်းတရားက
ရှင့်ရှေ့မှာတိတိကျကျ
လာရပ်လို့...။
မပြောချင်လို့နော်..
ရှင်နော်..
ရှင်လွန်ပြီနော်..
ရှင်လွန်နေပြီနော်..
ရှင်ရဲ့လျှာက
ကော်ဖီတစ်ငုံအောက်မှာ
နစ်မြုပ်လို့..
ရှင့်ရဲ့ခံစားမှုက
ကဗျာတစ်ပုဒ်အောက်မှာ
စိမ့်ဝင်လို့..
ရှင့်ရဲ့နားတစ်စုံက
သီချင်းတစ်ပုဒ်နဲ့အတူ
စီးမျောလို့..
ရှင်ကတော့
ဝိသဘာဂအာရုံတစ်ခုမှာ
ပျော်ဝင်လို့..။
ကျောခိုင်းထားတဲ့
သေခြင်းတရားက
ရှင့်ရှေ့မှာတိတိကျကျ
လာရပ်လို့...။
မပြောချင်လို့နော်..
ရှင်နော်..
ရှင်လွန်ပြီနော်..
ရှင်လွန်နေပြီနော်..
ရှင်ရဲ့လျှာက
ကော်ဖီတစ်ငုံအောက်မှာ
နစ်မြုပ်လို့..
ရှင့်ရဲ့ခံစားမှုက
ကဗျာတစ်ပုဒ်အောက်မှာ
စိမ့်ဝင်လို့..
ရှင့်ရဲ့နားတစ်စုံက
သီချင်းတစ်ပုဒ်နဲ့အတူ
စီးမျောလို့..
ရှင်ကတော့
ဝိသဘာဂအာရုံတစ်ခုမှာ
ပျော်ဝင်လို့..။
ရှင်မြန်မာစာကို
ကျွမ်းကျွမ်းကျင်ကျင်
မဖတ်တတ်တာမှ
မဟုတ်တာ။
ဘာဖြစ်လို့
ဘ၀ကိုဘ၀လို့မဖတ်ဘဲ
ဘသုညလို့
ဖတ်လိုက်တာလဲရှင်..။
ကျွန်မက
ဆူးမကျိုး
ဆူးမကောက်တဲ့
မိန်းမတစ်ယောက်ပါ..။
ကျွမ်းကျွမ်းကျင်ကျင်
မဖတ်တတ်တာမှ
မဟုတ်တာ။
ဘာဖြစ်လို့
ဘ၀ကိုဘ၀လို့မဖတ်ဘဲ
ဘသုညလို့
ဖတ်လိုက်တာလဲရှင်..။
ကျွန်မက
ဆူးမကျိုး
ဆူးမကောက်တဲ့
မိန်းမတစ်ယောက်ပါ..။
သိသိကြီးနော်
ရှင်နော်
ရှင်လွန်ပြီနော်
ရှင်လွန်နေပြီနော်…။
ရှင်နော်
ရှင်လွန်ပြီနော်
ရှင်လွန်နေပြီနော်…။
ဒီမှာရှင်..
ရှင့်အတ္တ
ရှင့်ရာဂ
ရှင့်စိတ်ကူး
ရှင့်အရူးတွေကို
ဆွဲစုတ်ပစ်လိုက်ပါ..။
ရှင့်အတ္တ
ရှင့်ရာဂ
ရှင့်စိတ်ကူး
ရှင့်အရူးတွေကို
ဆွဲစုတ်ပစ်လိုက်ပါ..။
ကျွန်မက..
ခံစားမှုနဲ့ပတ်သတ်လာရင်
ဒဏ်ရာရထားတဲ့
ကျားနာတစ်ကောင်လိုမိန်းမ..
ဘ၀နဲ့ပတ်သတ်လာရင်
နှင်းခါးရိုက်ခံထားရတဲ့
ပန်းတစ်ပွင့်လိုလူ..။
အချစ်နဲ့ပတ်သတ်လာရင်
ရှင်လို..
အရိုးအရင်းကိုက်ပြီး
ဝါးတစ်ပြန်နှစ်ပြန်
မခုန်တတ်ဘူး
အသားစားပြီး
မြေလျှိုးမိုးပျံပြလိုက်မယ်..သိလား။
ခံစားမှုနဲ့ပတ်သတ်လာရင်
ဒဏ်ရာရထားတဲ့
ကျားနာတစ်ကောင်လိုမိန်းမ..
ဘ၀နဲ့ပတ်သတ်လာရင်
နှင်းခါးရိုက်ခံထားရတဲ့
ပန်းတစ်ပွင့်လိုလူ..။
အချစ်နဲ့ပတ်သတ်လာရင်
ရှင်လို..
အရိုးအရင်းကိုက်ပြီး
ဝါးတစ်ပြန်နှစ်ပြန်
မခုန်တတ်ဘူး
အသားစားပြီး
မြေလျှိုးမိုးပျံပြလိုက်မယ်..သိလား။
ဒါကို..
ရှင်..နောင်တတွေကြားက
သဲသဲကွဲကွဲမြင်လိမ့်မယ်။
ရှင်..နောင်တတွေကြားက
သဲသဲကွဲကွဲမြင်လိမ့်မယ်။
မောင်ခန့်မြေ (ထီလာ)
0 comments:
Post a Comment