လရောင်ဝင်းပ ကြယ်ဖြာညလည်း
ရရပါလို ငါမဆိုဘူး။

ကြည်လင်အေးပေါက် စမ်းရေပေါက်လည်း
သောက်ရပါလို ငါမဆိုဘူး။

ကြီးကြယ်ခမ်းနား စည်းစိမ်ကြားမှာ
ခံစားပါလို ငါမဆိုဘူး။

ဤနေ့ဤခါ ဤကမ္ဘာမှာ
ငါဟာနှစ်လို တောင်းဆုဆို၏။

ငါဆိုစကား အမေကြားရန်
မြေကြားဝတိံ ခေတ္တငြိမ်အံ့။

အမေ...
အမေဘ၀ ဖြစ်တိုင်းလှ၍
ဒုက္ခမရှိ ဘေးနတ္ထိနှင့်
မသိမရ မ၀စကား
မကြားစေလို တောင်းဆုဆိုသည်
ဤနေ့မှစ...ပြည့်စေသား။





0 comments:

Post a Comment

picoodle.com

အလွမ်းသင့်စကားလုံးလေးများ

ကဗျာနှင့်အိပ်မက်ထဲလမ်းလျှောက်ကျင့်တဲ့ကျွန်တော်ကအိပ်မက်ထဲလမ်းလျှောက်ကျင့်ဖို့ကဗျာနှင့်အတူကြိုဆိုပါတယ်။အားလုံးကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့်ခမ်းနားတောက်ပတဲ့ဘ၀တွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ..။

About Me

My Photo
Mg Khant Myay (Htila)
View my complete profile

Followers

အလွမ်းသင့်ရှိုက်သံ

Myanmar Calendar





Pages

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "