ကောင်းကင်ကို
မော့ကြည့်တိုင်း
အတွေးထဲက
ပုံရိပ်မဲ့လတစ်စင်းက
ထင်းထင်းထင်လို့...။
အာရုံတစ်ခုရဲ့
ဆွဲငင်ရာလိုက်ရင်း
ကျိုးကြေသွားတဲ့
ခံစားမှုတွေကို
ဘယ်လိုစုစည်းရပါလိမ့်..။
ခပ်ဖွဖွ..တီးတိုး
တိုင်တည်ရွတ်ဆိုခဲ့တဲ့
စကားလုံးတွေကလည်း
တောင်သမန်အိပ်မက်ရဲ့
မယ်ဇယ်တန်းမှာ
ကျကျန်ခဲ့ပြီထင်ပါရဲ့..။
ဘာသာဗေဒ
နားမလည်သူတစ်ဦးအတွက်
မျဉ်းပြိုင်နှစ်ကြောင်းရဲ့
ဆုံမှတ်ကိုလိုက်ရှာရင်း..
ကန်တော်ကြီးမှာ..တွေ့နိုးနိုး
ရွှေပြည်မိုးမှာ..ရှိနိုးနိုး
မဇ္ဈိမမှာ..ခိုနိုးနိုးနဲ့
ခြေရာဖျက်..မိုးဖွဲဖွဲ
ရင်ခွင်ပျောက်ညများ...။
ဟင်္သာနန်းတော်ထဲက
မှုတ်ထုတ်လိုက်တဲ့
အဖြူရောင်လေတွေကို
ရှုရှိုက်ရင်း
ကျုံးရေပြင်ကိုငုံ့ကြည့်မိပါရဲ့..
လတစ်စင်း
ဘယ်အချိန်ရောက်လာမလဲပေါ့..။
မောင်ခန့်မြေ (ထီလာ)
Posted by
Mg Khant Myay (Htila)
0 comments:
Post a Comment